ThuRainLinWai

နှလုံးသား၏​ကျောက်​စာများ

"ဒြပ်​တစ်​ခုအဖြစ်​ ဖွဲ့တည်​လာ​သောအခါ" ကိုယ့်​ကို​ မျက်​ဝန်းအိမ်​​လေး ခဏပိတ်​သိမ်းထား​ပေးပါလား ချစ်​သူ........ ကိုယ်​​လေ ​လေထဲကအိမ်​က​လေးကို သီတံ​တွေနဲ့ယက်လုပ်သွန်း​​​​ဖောက် တခမ်းတနား တည်​​ဆောက်​​နေရလို့ပါ............ မထီတရီပြုံးတတ်​လွန်းတဲ့ နှုတ်​ခမ်း​ထောင့်​စွန်းက သွားတက်​က​လေး​လေ ကိုယ့်​ကိုညှို့ငင်​ နှလုံး​သွေး​တွေ ​ဖောက်​ထွင်းချင်​ကြတယ်​ ထင်​ရဲ့.......... ကိုယ်​​လေ နဂါး​ငွေ့တန်းကို ဖမ်းဆုပ်​ မင့်​ အတွက်​ကို ဝတ်​ရုံက​လေး တစ်​အုပ် ဝင့်​ဝင့်​ကြွားကြွား သွယ်​ငင်​ဖွဲ့ချုပ်​​နေရလို့ပါ.......... ဆံဖျားတစ်​ခတ်​နဲ့ ယိမ်းနွဲ့ဖြာထုတ်​တတ်​တဲ့ ကိုယ်​မတ်​မတ်​​လေး​ပေါ်က အလင်းတစ်​စက်​​လေ ကိုယ့်​ရင်​ခုန်​သံကို ကျုံးသွင်း ​ကျေးကျွန်​အရင်းကြီး ဖြစ်​​စေခဲ့............ ကိုယ်​​လေ မိုးကုတ်​စက်​၀ိုင်းမှာ အ​ခြေပြု ပန်းခြံ​လေးတစ်​ခုစာ​လောက်​ နွဲ့ယိမ်းထားတဲ့ ရင်​ခုန်​သံ​တွေနဲ့ ဒီအိမ်​ကို မွှန်းခြယ်လို့ သတို့သမီးအတွက် ပြင်​ဆင်​ထား​နေမိတယ်​........ ပန်းတို့လည်း ကြိုကြပါ​စေ..... စမ်းတို့လည်း ကြိုကြပါ​စေ..... ​ရွှေနိုင်​ငံကို ဝင်​ရာလမ်းမှာ​ပေါ့......... သူရိန်​လင်း​ဝေ